ရန်ကုန် - ဂျယ်ဂျူး - ဘူဆန် - ဆိုးလ် - ရန်ကုန် ခရီးစဉ် - ၈ညအိပ်/၉ရက် (11 April 2016)

ရန်ကုန်-ဂျယ်ဂျူး-ဘူဆန်-ဆိုးလ်-ရန်ကုန် (၈ညအိပ်/၉ရက်) ခရီးစဉ်

ထွက်ခွာမည့်နေ့ :  11 April 2016

ထွက်ခွာမည့်နေ့

လေယာဉ်နံပါတ်

ထွက်ခွာချိန်

ထွက်ခွာသည့်မြို့

ဆိုက်ရောက်ချိန်

ဆိုက်ရောက်သည့်မြို့

11 April 2016

VN 956

၁၉၁၀

ရန်ကုန်

၂၁၂၅

ဟနွိုင်း

VN 416

၂၃၂၀

ဟနွိုင်း

၀၅၀၅ + ၁

ဆိုးလ်

12 April 2016

OZ 8931

၁၃၅၅

ဆိုးလ်

၁၅၀၀

ဂျယ်ဂျူး

15 April 2016

BX 8104

၁၀၃၅

ဂျယ်ဂျူး

၁၁၃၅

ဘူဆန်

20 April 2016

VN 417

၁၀၀၅

ဆိုးလ်

၁၂၃၅

ဟနွိုင်း

VN 957

၁၆၄၀

ဟနွိုင်း

၁၈၁၀

ရန်ကုန်

ခရီးစဉ်ဈေးနှုန်း                                        

လူကြီးတစ်ဦးလျှင်                             1950 USD

ကလေးတစ်ဦးလျှင်(Without Bed)          1720 USD

တစ်ယောက်ခန်းဈေးနှုန်း                      (+350 USD)                                                                           

HOTEL OPTION [4 star]

    ဂျယ်ဂျူး           -         OCEAN SUITES HOTEL or similar (၃ည)

    ဘူဆန်           -        BEST WESTERN UL HOTEL or similar (၁ည)

    ဆူဝန်            -         IBIS SUWON HOTEL or similar (၁ည)

    ဆိုးလ်            -         RAMADA SUITES HOTEL or similar (၃ည) 

ပါဝင်သောဝန်ဆောင်မှုများ

မပါဝင်သောဝန်ဆောင်မှုများ

  • ရန်ကုန်-ဆိုးလ်-ရန်ကုန် ဂျယ်ဂျူး-ဘူဆန်-ဆိုးလ်-ရန်ကုန် လေယာဉ်လက်မှတ်ခ
  • ခရီးစဉ်တစ်လျှောက် ကြယ်လေးပွင့်အဆင့်ဟိုတယ် တွင်တည်းခိုခ (နှစ်ယောက်တစ်ခန်းနှုန်း)
  • ပြည်ဝင်ခွင့်ဗီဇာကြေး
  • ဧည့်လမ်းညွှန် ဝန်ဆောင်မှု
  • အဖွဲ့ခေါင်းဆောင် ဦးဆောင်မှု
  • ခရီးစဉ်တွင်ဖော်ပြပါ ဝင်ကြေးများ
  • ခရီးစဉ်တစ်လျှောက် ကားအကြိုအပို့
  • ခရီးစဉ်တစ်လျှောက် နံနက်စာ၊ နေ့လည်စာနှင့် ညစာ
  • ရေသန့်နှင့်တာဝါ ဝန်ဆောင်မှု
  • Driver & Guide Tipping

  • Mini Bar သုံးဆောင်မှု၊Porter Man Tipping
  • ခရီးစဉ်တွင်မပါဝင်သော အပိုမှာယူစားသုံးမှူ့
  • Early check in & Late check out
  • ခရီးစဉ်တွင်မပါဝင်သော နေရာများအားသွားရောက်လည်ပတ်ခြင်း
  • ကီလိုအပိုသယ်ဆောင်ခ

 

Terms & Conditions

  • 100 % Cancellation Fees will be charged if cancelled within 2weeks before departure or cancellation without notice.
  • 50% Cancellation Fees if cancelled before 4weeks departure.
  • Price may change without prior notice according to travel date and booking availability.

TRAVEL Itinerary                                                                                     

Day 01:     ရန်ကုန်ဟနွိုင်း - ဆိုးလ် - ဂျယ်ဂျူး                                        (B/L/D)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဖွဲ့ခေါင်းဆောင်နှင့်တွေ့ဆုံပြီးနောက် ဟနွိုင်းမြို့မှတစ်ဆင့် ကိုရီးယားနိုင်ငံဆိုလ်းမြို့သို့ ထွက်ခွာပါမည်။ ဆိုးလ်မြို့သို့ ရောက်ရှိပြီး  U Dong Noodle စားသောက်ဆိုင်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဆိုးလ်မြို့နှင့်မြောက်ကိုရီးယားနယ်စပ်ရှိOdusan Unification Observatory ပြခန်းသို့ သွားရောက်လေ့လာပါမည်။ ထို့နောက် Paju Premium Outlets  တွင်စိတ်ကြိုက်ဈေးဝယ်ပြီးနောက် နေ့လည်စာစားသုံးပါမည်။ ဂျယ်ဂျူးကျွန်းသို့လေယာဉ်ဖြင့်ထွက်ခွါပြီးပင်လယ်လှိုင်းများ၏တိုက်စားမှုကြောင့် သဘာဝအတိုင်း နဂါးခေါင်းသဏ္ဍာန်ဖြစ်နေသည့် Young Duamကျောက်ဆောင်သို့ သွားရောက်လည်ပတ်ကြမည်။ ထို့နောက် အဝတ်အထည်၊ အလှအပအသုံးအဆောင်မျိုးစုံကိုဆိုင်ခန်းပေါင်း(၂၈၀)ကျော်ဖွင့်လှစ်ရောင်းချသောဂျယ်ဂျူးမြို့၏ တစ်ခုတည်းသော Central မြေအောက် Shopping Archeတွင် သွားရောက်ဈေးဝယ်ပြီးညစာစားသောက်ပါမည်။ ဂျယ်ဂျူးမြို့ရှိကြယ်လေးပွင့်အဆင့်ဟိုတယ်တွင်အိပ်စက်အနားယူမည် ဖြစ်ပါသည်။

Day 02:     ဂျယ်ဂျူး                                                                (B/L/D)

နံနက်စာသုံးဆောင်ပြီးနောက် သဘာဝချော်ခဲဥမင် Manjanggul Cave သို့သွားရောက်လေ့လာလည်ပတ်ပါမည်။ ထို့နောက် ကျွန်း၏အရှေ့ဘက်ရှိရဲတိုက်ကြီးတစ်ခုသဖွယ်  ခန့်ညားစွာဖြစ်ပေါ်နေသော ၁၈၂ မီတာအမြင့်ရှိSeonsan Sunrise Peak ကျောက်တောင်စွန်းရှိရာသို့ သွားရောက်ပါမည်။

(Seong San Sunrise Peak သည် ထူးခြားလှသော ပထဝီအနေအထားကြောင့် သာမကရင်သပ်ရှူမောဖွယ်ရာရှုမျှော်ခင်းများကြောင့် ထင်ရှားကျော်ကြားပါသည်။)

‘All In’ ကိုရီယားဇာတ်လမ်းတွဲ၏ ဇာတ်ဝင်ခန်းများရိုက်ကူးရာနေရာဖြစ်သော Seoejikojiကမ်းရိုးတန်း၏အလှ များကိုခံစားကြည့်ရှူပြီးနောက် Seongeupရိုးရာရွာကလေးတွင်လည်းကိုရီးယားရိုးရာအိမ်များနှင့် ကျေးလက် လူနေမှုဘဝတို့ကို သွားရောက်လေ့လာကြမည်ဖြစ်သည်။ ဂျယ်ဂျူးရှိအဆင့်မြင့်စားသောက်ဆိုင်တွင် ညစာစားသောက်ပြီးကြယ်လေးလုံးအဆင့်ရှိဟိုတယ်တွင်အိပ်စက်အနားယူမည် ဖြစ်ပါသည်။

  

Day 03:     ဂျယ်ဂျူး                                                                 (B/L/D)

နံနက်စာစားသုံးပြီးနောက် ရှေးခေတ်ဂျယ်ဂျူးကျွန်းသူကျွန်းသားတို့၏ လူနေမှုပုံစံနှင့် ဂျယ်ဂျူကျွန်း၏ သဘာ၀ အလှတရားတို့ကိုလေ့လာနိုင်ရန် Folklore & Natural History Museum သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက်အထင်ကရလည်ပတ်စရာCheonjeyeonရေတံခွန်နှင့် ရေကန်သို့လည်းသွားရောက် လေ့လာပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ဂျယ်ဂျူးကျွန်းထွက်လက်ဖက် နှင့်စပ်ဆက်သောစားသောက်ကုန်များကို ဝယ်ယူ လေ့လာနိုင်မည့် JejuO’Sulloc Tea Museum နှင့် Sanbangsa Temple ရှိဗုဒ¨ရုပ်ပွားတော်ကိုသွားရောက်ဖူးမြော်ပါမည်။ ထို့နောက် လျှို့ဝှက်ဆန်းကျယ်သောလမ်းမအဖြစ်ကျော်ကြားသည့် Mysterious Road သို့ ပို့ဆောင်သွားမည်ဖြစ်သည်။ ဂျယ်ဂျူးရှိ ကြယ်လေးပွင့်အဆင့်ဟိုတယ်တွင် အိပ်စက်ပါမည်။

  

Day 04:     ဂျယ်ဂျူး - ဘူဆန်                                                              (B/L/D)

နံနက်စာစားသုံးပြီးနောက် ရေခဲတုံးများကိုလက်ရာမြောက်စွာထုဆစ်ထားသောရေခဲပန်းပုများရှိရာရေခဲပြတိုက်  Ice Museum နှင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ 3D ပန်းချီလက်ရာများပြသထားသောTrick Eye 3D Zone ကိုသွားရောက်လည်ပတ်ကစားပြီးအမှတ်တရဓါတ်ပုံများရိုက်ကူးပါမည်။ ဂျယ်ဂျူးမှဘူဆန်သို့ လေယာဉ်ဖြင့်ထွက်ခွါပြီးဘူဆန်မြို့၏အထင်ကရနေရာများဖြစ်သောYongdusanပန်းခြံ နှင့် ဘူဆန်မြို့လယ်ရှိကိုရီးယားနိုင်ငံ၏အကြီးဆုံးJagalchiငါးဈေးသို့လည်းသွားရောက်မည်ဖြစ်သည်။ ထို့နောက် ၁၃၇၆ ခုနစ်တွင် တည်ထားခဲ့သောရှေးဟောင်းHaedongYonggungsaဘုရားသို့သွားရောက်ဖူးမြော်ပါမည်။ ဘူဆန်မြို့ရှိကြယ်လေးပွင့်အဆင့်ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

  

Day 05:     ဆူဝန်                                                                          (B/L/D)

နံနက်စာစားသုံးပြီးနောက် ဘူဆန်မှ ဆူဝန်သို့ ကားဖြင့်ထွက်ခွာပါမည်။ ထို့နောက် ကမ္ဘာ့အကြီးဆုံးကစားကွင်းပန်းခြံများထဲတွင် တစ်ခုအပါအဝင်ဖြစ်သောEverlandသို့ သွားရောက်လည်ပတ်ကစားရင်းစိတ်လှုပ်ရှားဖွယ်ရာပန်းပြပွဲများ၊ ကပွဲများကိုကြည့်ရှုကြမည်။ ထို့နောက် “နန်းတွင်းရတနာ” ဇာတ်ကားရိုက်ကူးရာနေရာဖြစ်သော SUWON HWASEONG FOTRESS ကိုသွားရောက်ပါမည်။ ဆူဝန်မြို့ပေါ်ရှိ ကြယ်လေးပွင့်အဆင့်ဟိုတယ် တွင်အိပ်စက်အနားယူပါမည် ။

  

Day 06:     ဆိုလ်း                                                                         (B/L/D)

နံနက်စာစားသုံးပြီးနောက် UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင် Nami Island သို့သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ဆေးဘက်ဝင်ဂျင်ဆင်းအရောင်းစင်တာ၊ ကိုရီးယားနိုင်ငံထုတ် အလှကုန်ပစ္စည်းအရောင်းစင်တာများသို့ သွားရောက်နိုင်ရန်ပို့ဆောင်ပေးမည်ဖြစ်သည်။ ညနေခင်းတွင် BIPAP SHOW ကြည့်ရှုပါမည်။ ညစာစားသောက်ပြီးနောက် ဆိုးလ်မြို့ရှိ ကြယ်လေးပွင့်အဆင့်ဟိုတယ် တွင်အိပ်စက်အနားယူပါမည်။

  

Day 07:     ဆိုလ်း                                                                         (B/L/D)

နံနက်စာသုံးဆောင်ပြီးနောက် ဆိုးလ်မြို့ရှိလည်ပတ်စရာများစွာထဲ မှ Gyeongbokနန်းတော်၊ သမ္မတအိမ်ရာ (အိမ်ပြာတော်)၊ အမျိုးသားယဉ်ကျေးမှု ပြတိုက်၊ Jogyesa Temple တို့ကိုသွားရောက်လေ့လာမည် ။ နေ့လည်စာကို Sea Food Buffet ဖြင့် တည်ခင်းပါမည်။ ထို့နောက် Insadongရှိရှေးဟောင်းလက်ရာအသုံးအဆောင်များခင်းကျင်းရောင်းချရာလမ်းသို့လည်းသွားရောက်လည်ပတ်ပါမည်။ ညနေခင်းတွင် Dongdaemun Night Market တွင် ကိုးရီးယားအစားအသောက်နှင့် လက်ဆောင်ပစ္စည်းများ ဝယ်ယူပြီးနောက် ဆိုးလ်မြို့ရှိဟိုတယ်တွင် အိပ်စက် အနားယူပါမည်။

  

Day 08:     ဆိုလ်း                                                                         (B/L/D)

နံနက်စာသုံးဆောင်ပြီးနောက် ဆိုလ်းမြို့၏အလှကို ကြည့်ရှုခံစားရန် ‘N Seoul Tower’ သို့သွားရောက်ပါမည်။  ထို့နောက် ကိုရီးယားမှ နာမည်ကျော် ခရမ်းစွဲကျောက်မျက်ရတနာအရောင်းပြခန်း Amethyst Factoy နှင့် Red Pine Tree Shop တို့ကို သွားရောက်လည်ပတ်နိုင်ရန်ပို့ဆောင်ပေးပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် ‘The Shilla Duty Free Shop’ တွင်စိတ်ကြိုက်ဈေးဝယ်ထွက်ပါမည်။ ညနေခင်းတွင် River Cruise စီးရင်းဟန်မြစ်၏ အလှအပကိုခံစားနိုင်ရန်ပို့ဆောင်ပေးပါမည်။ ထို့နောက် နာမည်ကျော် Myeongdong street တွင် စိတ်ကြိုက် ဈေးဝယ်ထွက်ပြီးနောက် ဟိုတယ်တွင် ပြန်လည် အနားယူအိပ်စက်ပါမည်။

  

Day 09:     ဆိုလ်း - ဟနွိုင်း - ရန်ကုန်                                                   (B/-/-)

 နံနက်စာသုံးဆောင်ပြီးနောက် အင်ချွန်းလေဆိပ်သို့သွားရောက်ပြီးဟနွိုင်းမြို့မှတစ်ဆင့် ရန်ကုန်သို့ ပြန်လည် ထွက်ခွါပါမည်။

                                    

Facebook

Our Services

Myanmar Weather

Travels Guide Book

Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours
Thousand Islands Travels and Tours